Blog အခြေခံပြု့လုပ်နည်း



Blog-အခြေခံပြု့လုပ်နည်း

12:20 PM | Posted in | Read More »

Myanmar3 Unicode Installation Methods

မြန်မာနိုင်ငံအတွက် တိုးတက်မှုတွေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာတာဟာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ
အတွက် ဂုဏ်ယူစရာများသာ ဖြစ်ပါတယ်..၊ အဲဒိအတွက် ခေတ်နောက်ကျ မကျန်ခဲ့စေဖို့ ကျနော်တို့တွေ
စဉ်ဆက်မပြတ် လေ့လာနေကြရပါပြီ... .။ ဒါကြောင့် မြန်မာအိုင်တီအသင်းဝင်များ အတွက်လည်း 
နောက်မကျစေရလေအောင် ဒီဆွေးနွေးချက်လေးကို ရေးသားလိုက်ရပါတယ်။

လက်ရှိကျနော်တို့ ကွန်ပြူတာတွေမှာ မြန်မာစာကို တွင်ကျယ်စွာအသုံးပြုနိုင်ဖို့အတွက် Myanmar NLP(Myanmar Natural Language Processing) ၊ ဇော်ဂျီ၊ ဧရာ ၊ သံလွင် ၊ My Myanmar၊ ပိတောက် ၊ ပုရပိုဒ် စတဲ့ အဖွဲ့များက မြန်မာဖောင့်တွေကို ယူနီကုဒ်ရဲ့ စံချိန် စံညွှန်းမှီဖြစ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်..(လက်တလောမှာတော့ အသုံးများတာက ဇော်ဂျီပေါ့.)၊ အဲလိုကြိုးပမ်းခဲ့ကြရာမှ တစ်စတစ်စ တိုး တက်ပြောင်းလဲလာခဲ့ပြီး ယခုဆိုလျှင် Myanmar NLP မှ ယူနီကုဒ် ၅.၂ စံစနစ်ကို လိုက်နာတဲ့ Myanmar3 ဆိုပြီးထွက်ရှိလို့လာခဲ့ပါပြီ.. ဒါပေမယ့် အရိုးစွဲနေပြီးသား ဇော်ဂျီလက်ကွက်ကနေ မပြောင်းလဲ ချင် တာကြောင့် ယူနီကုဒ်အစစ် ကိုသုံးဖို့လက်တွန့် နေကြတာတွေရှိပါတယ်.။ အဲဒိအတွက် လည်း ဇော်ဂျီ လက်ကွက်အတိုင်း အသုံးပြုလို့ရအောင်ဖန်တီးပေးထား ကြပါတယ်.. နောက်မှ သူ့မူရင်း လက်ကွက် အတိုင်း ဖြည်းဖြည်းချင်း ရိုက်ကြည့်နိုင်ကြမှာပါ..။ မူရင်းလက်ကွက်ရဲ့ အားသာချက်တွေ ကတော့ ဇော်ဂျီဝမ်းမှာ Tide key နဲ့တွဲသုံးတဲ့ အက္ခရာမျိုးတွေ (ဤ ၊ ၌ ၊ ၍ ၊ ဿ ၊ ပါဌ်ဆင့် များ ၊ စသည် များ) ကို Shift key နဲ့ သုံးနိုင်ခြင်း ၊ တစ်ချောင်းငင် ၊နှစ်ချောင်းငင် အတိုနဲ့ အရှည်တွေကို (ု၊ူ ) (ု ၊ူ ) Shift key ကို သုံးနေစရာမလိုပဲ တွဲသုံးရမယ့် အက္ခရာ အလိုက် အစဉ်ပြေအောင် ဖန်တီးပေးထားခြင်း. ၊ (ြ - ၊ြ -- ) တို့ကို key တစ်မျိုးတည်း အသုံးပြုနိုင်ခြင်း ၊ နောက်ပြီး ယခု လက်ရှိမှာ ဇော်ဂျီတို့ ဘာတို့မှာ မြန်မာ လက်နှိပ်စက် တွေ အတိုင်း ရိုက်ရတဲ့ စာလုံးတွေ ကို တကယ့် စာရေးတဲ့အတိုင်း အသံထွက်ပြီးရေး လို့ ရအောင် ဖန်တီးထားခြင်းတို့ စသည့် စသည့် အားသာချက်များ ရှိနေပါပြီ ..။

ဥပမာ
ပြောင်း = သဝေထိုး + ယရစ် + ပစောက် + ရေးချ + င သတ် + ၀စ္စ ၂ လုံးပေါက် (ဇော်ဂျီဝမ်း)
ပြောင်း = သဝေထိုး + ပစောက် + ယရစ် + ရေးချ + င သတ် + ၀စ္စ ၂ လုံးပေါက် (Myanmar3)
ဥပမာအရ ကျနော်တို့ ငယ်ငယ်တုန်းက စာရေးရင် အော်ရေးသလို ရေးကြည့်လိုက်ရင် ဇော်ဂျီ က မှားနေပါတယ်..

ဒီလိုအနေအထားက အားသာချက်တစ်ခုပါပဲ.. ဒါပေမယ့် လက်တလောအခြေအနေမှာ ကျနော်တို့အနေနဲ့ Myanmar3 ယူနီကုဒ် ကို ပြောင်းသုံးပေမယ့် ဇော်ဂျီကိုလည်း ချက်ချင်းကြီး လက်လွှတ်လို့ မရနိုင်သေး ပါဘူး..
အများစုက ဇော်ဂျီနဲ့ ပဲ အကျွမ်းတ၀င်ဖြစ်နေခဲ့ကြတာကိုး..
မြန်မာစာအနေနဲ့ ယူနီကုဒ်စံ ထဲမှာ ပါဝင်လာခြင်းက တကယ့်ကို ကြီးမားတဲ့ အကျိုးသက်ရောက်မှုကြီးပါပဲ.. ကျနော်တို့ တစ်ချိန်က ဇော်ဂျီဝမ်းတို့ ဘာတို့ မပေါ်သေးခင်က Microsoft word တို့ Page Maker တို့မှာ Win Font တွေ ၊ CE Font တွေ အသုံးပြုခဲ့ကြပါတယ်..သုံးဖူးသူ များ ပြဿ နာပေါင်း သောင်းခြောက်ထောင်နဲ့ လည်ပတ်ခဲ့ကြဖူးမှာပါ.. စက်တစ်ခုက Win-InnWa နဲ့ ရေးလိုက် တာ ကို တခြား ၀င်းအင်းဝ မရှိတဲ့ စက်မှာ အင်္ဂလိပ်စာလုံး ပေါက်ကရတွေပေါ်တာမျိုးတွေ ၊ Win Font တွေကို CE Font တွေကနေ ပြန်ဖတ်မရတာတွေ၊ ဒ ဓ ရိုက်လို့အဆင်မပြေတာမျိုးတွေ၊ တစ်ချို့ ပါဌ်ဆင့်တွေ ရိုက်ချင် ရင် Alt key နဲ့ နံပါတ်တွေ ကို အလွတ်ကျက်ထားရတာတွေ.. စသဖြင့် အဲလိုမျိုးပေါ့.. အခြားပြဿနာတွေ လည်းရှိပါတယ်..။

တကယ်တော့ ဒီပြဿနာတွေက ကျနော်တို့ အသုံးပြုနေတဲ့ Operating System ကြီးမှာ ယူနီကုဒ်စနစ်ကို သတ်မှတ်ပြီးအသုံးပြုတဲ့ ကိုယ်ပိုင်ဖောင့်မရှိလို့ပါပဲ.. အထူးသဖြင့် (ထိုင်း ၊ရုရှား၊ ဂျပန်၊ တရုတ်၊ ကိုရီးယား စသဖြင့်သော) နိုင်ငံတွေရဲ့ ကွန်ပြူတာတွေမှာ ကိုယ်ပိုင် ဘာသာစကားပါဝင်တဲ့ OS ကို အသုံးပြုနေ ကြတယ် ဆိုတာ ပြည်ပနိုင်ငံတွေမှာ နေတဲ့လူတွေ သိကြပါလိမ့်မယ်.. သူတို့ ဘာသာစကားက OS မှာ ပါပြီး သားဖြစ်ပါတယ်.. ကျနော်တို့ ဘာသာစကားလည်း အဲလို ယူနီကုဒ်စံ စနစ်ထဲ ပါဝင်လာပြီဖြစ် တဲ့အတွက် နောက်ပိုင်းမှာ မြန်မာဘာသာစကားကို အသုံးပြုတဲ့ Operating System ကို အသုံးပြု လာနိုင်တော့မှာပါ.. အဲလိုအသုံးပြုလာနိုင်ခြင်းအားဖြင့် အင်တာနက်ပေါ်မှာ စာတွေ ရှာဖွေတာက အစ အင်မတန် လွယ်ကူလာတော့မှာ ဖြစ်ပါတယ်.။ ယခုလက်ရှိမှာလည်း ဇော်ဂျီကို သုံးပြီးရှာလို့ရနေပေမယ့် တိကျမှုမရှိသေးပါဘူး တနည်းအားဖြင့်ပြောရရင် အက္ခရာ အစဉ်လိုက် စဉ်လို့မရနိုင်သေးတဲ့ အတွက်ကြောင့်လို့ ပြောရင်ရနိုင်ပါတယ်..။

အခြားသော အားသာချက်တွေ အများကြီးရှိပါသေးတယ်.. လောလောဆယ် Win font တွေနဲ့ပဲ ယှဉ်ပြီး စဉ်းစားကြည့်ရင် အလွယ်သိနိုင်ပါတယ်။ ခုတော့ ယူနီကုဒ် Version 5.2 စံ စနစ်အရ Code range (Hexadecimal)U + 1000 “က” အက္ခရာ ကနေ 109F ရှမ်းသင်္ကေတ(အက္ခရာ ၍ နဲ့ဆင်တူသော) အထိ သတ်မှတ်ထားပြီးဖြစ်ပါတယ်..။ မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာ စကားတွေလည်း ထည့်သွင်း ထားပါတယ်.။

Myanmar3 unicode Installation

နည်းလမ်း(၁)
http://forum.mmitd.com/forum/topics/one-click-unicode-installer

နည်းလမ်း(၂)
ဒီနေရာမှာ လက်ရှိ update ဖြစ်တဲ့ Myanmar3 font နဲ့ အက္ခရာကီးဘုတ်ကို ဒေါင်းလုဒ်လုပ်ပြီး Install လုပ်ပါ။
မြန်မာ၃ ဖောင့်ကို Control panel\Fonts ဖိုဒါထဲသွားထည့်ပါ။ပြီးရင် အက္ခရာကီးဘုတ်ကို အင်စတော လုပ်ပါ။
အက္ခရာကီးဘုတ်ကို အင်စတော လုပ်တဲ့အခါမှာ အောက်ကပုံမှာပြထား သလို မြန်မာ၃ ဖောင့် ကို ရွေး ချယ်ပေး ဖို့မမေ့ပါနဲ့။


နည်းလမ်း(၃)

သင့်အနေနဲ့ ဇော်ဂျီလက်ကွက်ပဲ ကျွမ်းကျင်တယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး ၊ အဲဒိအတွက် လည်း ဇော်ဂျီလက်ကွက်အတိုင်းပဲ ရိုက်လို့ရအောင် စီမံပေးထားကြပါတယ်၊ အဲလို ရိုက်လို့ရနိုင်ဖို့အတွက်

၁။ ဒီနေရာကနေ NHM ဆိုတဲ့ ဆော့ဝဲလေးကို ဒေါင်းလုဒ် လုပ်ဖို့ လိုအပ်ပါတယ်။
၂။ ဒေါင်းလုဒ်ပြီးတာ နဲ့ ကိုယ်ထားချင်တဲ့နေရာမှာ Extract လုပ်ပါ။
၃။ NhmWriter.exe ကို run ပါ.. Taskbar ပေါ်ရှိ Tray Icon မှာ ခေါင်းလောင်းပုံလေး ကို တွေ့ရ မှာဖြစ်ပါတယ် ။ မောက်စ်နဲ့ ထောက်ကြည့်ပါ (အလွယ်မှတ်ရန် Alt +1 = Myanmar3) ခေါင်းလောင်းလေး အ၀ါရောင်ပြောင်းသွားရင် Myanmar3 ကိုရိုက်လို့ရပါပြီ။ .. သူက ဇော်ဂျီလက်ကွက်နဲ့ ရိုက်တာကို Myanmar3 unicode နဲ့ ဖော်ပြပေးနိုင်တာပါပဲ.. ဒီလိုဖော်ပြပေးနိုင်ဖို့အတွက် IT ပညာရှင်တစ်ဦးဖြစ်တဲ့ ကိုရာဗီ ဆိုသူက စည်းမျဉ်းပေါင်း ၁သိန်းကျော် ပါဝင်တဲ့ Keyboard ဖိုင်ကို ဖန်တီးခဲ့ပြီး India က NHM(New Horizon Media) Company မှ တဆင့် အခမဲ့ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
သတိထားရန်။ ။ NHM ကိုအသုံးပြုနေစဉ်မှာ ဇော်ဂျီကိုပြန်ပြောင်းဖို့ Ctrl + Shift ကို နှိပ်လို့မရပါဘူး။
Alt +1 or Alt + 0 ကိုနှိပ်မှ ခေါင်းလောင်းလေး က ပြန်မှိန်သွားပြီး ဇော်ဂျီကိုပြန်လည် အသုံးပြုလို့ ရမှာဖြစ်ပါတယ်။

နည်းလမ်း(၄)
ဒီနည်းလမ်းကတော့ အက္ခရာကီးဘုတ်ကို အသုံးပြုခြင်းပါ။ နည်းလမ်း(၁)အတိုင်းပါပဲ. 32bit, 64bit ၀င်းဒိုးတွေကို အဆင်ပြေအောင် လုပ်ပေးထားခြင်းပါ။
ဒီနေရာမှာဒေါင်းလုဒ်ယူပါ ။ လုပ်ဆောင်ချက်တွေကို ဒီနေရာမှာလေ့လာပါ။

နည်းလမ်း(၅)
ဒီနေရာမှာ ဒေါင်းလုဒ်ယူပါ.(မူရင်းဆိုဒ်). ပြီးရင် အဲဒိအထဲမှာ Installation.txt လေးကို ဖွင့်ပြီးဖတ်ပါ.။ အဲဒိထဲက ပါတဲ့ Instruction အတိုင်း Install လုပ်သွားပါ။ Install လုပ်ပြီးတာ နဲ့ သူ့ zip ဖိုင်ထဲမှာ Keyboard layout ပါပါတယ်။ ကြည့်ပြီးရိုက်လို့ရပါတယ်၊ ဒါမှမဟုတ် ဒီနေရာ ကနေလည်း ကြည့်လို့ရပါတယ်။ စမ်းပြီးစရိုက်တော့မယ်ဆိုရင်
၁။ Note Pad(text document) တစ်ခု ဖွင့်ပါ.။
၂။ Font မှာ Myanmar3 ကို ရွေးပါ ။
၃။ ပြီးရင် Tray Icon နေရာမှာ(ညာဘက်အောက်ထောင့်) Tavultesoft KeyMan 6.2 ကို မောက်စ် တစ်ချက် နှိပ်ပြီး Myanmar3 ကိုရွေးပေးရပါမယ်.။(မရွေးပဲရိုက်ရင် အလွဲတွေပြပါလိမ့်မယ်)
၎။ စမ်းရိုက်ကြည့်ပါ။ အဲဒိအချိန်မှာ အင်္ဂလိပ်ပြန်ပြောင်းချင်ရင် ခုနကTavultesoft KeyMan 6.2 ကနေပဲ ပြန်ပြောင်းရပါမယ်။

သင့်အနေနဲ့ အထက်ပါ နည်းလမ်း ၄ ခု အနက်က တစ်ခု မဟုတ် တစ်ခု အဆင်ပြေအောင် လုပ်ရ မှာဖြစ်ပါတယ်။

Linux အသုံးပြုသူများအတွက်ကတော့ အကုန်အဆင်ပြေသည်ဟုပြော၍ရနိုင်သည်။ (ကျနော်မစမ်း ရသေးပါ)
Mac OS အသုံးပြုသူများအတွက်ကတော့ Masterpiece unisans ကိုဒေါင်းလုဒ်ယူပါ။

ကီးဘုတ်
Zawgyi-One ရော Myanmar3 ကိုပါ ဖတ်လို့ရအောင်လုပ်ခြင်း
သင်ဟာ IE user ဖြစ်ခဲ့မယ်ဆိုရင် ie.css နဲ့ Myanmar3_IE.reg ဖိုင်ကိုဒေါင်းလုဒ်ယူပြီးတာနဲ့ Myanmar3_IE.reg ကို install လုပ်ပါ ။ ပြီးရင် Option ထဲမှာ Zawgyi-One ကိုပေးထားရပါမယ်.။ ဒါမှ ဇော်ဂျီရော မြန်မာ၃ကိုရော ဖတ်နိုင်မှာဖြစ်ပါတယ်.. အရင်ကတည်းက ဇော်ဂျီကို ဖတ်လို့ မရဘူး ဆိုရင်အောက်က css ဖိုင်လေးကို ဒေါင်းလုဒ်ယူပါ.. ဖိုင်အနေနဲ့ ဒေါင်းလုဒ်မရရင်ပေါ်လာတဲ့ ကုဒ်တွေကို Note pad မှာ ထည့်ပြီး .css နဲ့save ပေးပါ.. ပြီးရင် IEကိုဖွင့်ပါ.. Tools >Internet Option>click Accessibility > user style sheet မှာ Format document usingmy style sheet ကို အမှန်ခြစ်ပြီး Browse ကနေတဆင့် ထည့်ပေးပါ..။

သင်ဟာ Firefox user ဖြစ်နေရင် ဇော်ဂျီရော Myanmar3 ကိုရော ဖတ်ရှုရနိုင်ဖို့ အတွက် အောက်ပါ အတိုင်းလုပ်ဆောင်ပေးရပါမယ်...
၁။ Firefox Menu > Tools > Options > Content tab မှာ Default Font ကို Zawgyi-One ပေးထားပါ.
၂။ Font Size ဘေးက Advanced button ကို ထပ်နှိပ်ပါ.. အဲဒိမှာ
“ Allow pages to choose their own fonts, instead of my selections above” ဆိုတဲ့ စာကြောင်းလေးကို အမှန်ခြစ်ပေးပါ။
ဒါဆိုရင် သင့်အနေနဲ့ Mozilla Firefox ကို အသုံးပြုပြီး Zawgyi-One နဲ့ရေးထားတာရော Myanmar3 နဲ့ရေး ထားတာကိုရော ဖတ်ရှုလို့ရနိုင်ပါပြီ။ အောက်က ပုံကို ကြည့်ပြီး လုပ်ရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။

သင်ဟာ Google Chrome အသုံးပြုသူဆိုရင်တော့ အောက်က လင့်ကို နှိပ်လိုက်ပါ
https://chrome.google.com/extensions/detail/dlgmiidgfdpjcnhnhafijlp...
(Parallel Universe by Mad Computerist)
Install ဆိုတာကို နှိပ်လိုက်ပါ ပြီးတာနဲ့ သင့် Google Chrome က Zawgyi ရော Myanmar3 ကိုရော web page တစ်ခုတည်းမှာ ရောရေးထားရင်တောင်မှ ဖတ်လို့ရမှာဖြစ်ပါတယ်။ Crome ရဲ့ Font setting မှာ ၃ခုလုံး ကို Zawgyi-One ပြောင်းပေးထားဖို့လိုအပ်ပြီး ၊ အောက်က Default Encoding မှာ unicode(UTF-8) ကို ရွေးပေးထားဖို့လိုအပ်ပါမယ်.။

သင့်အနေနဲ့ Myanmar3 font design ကို သိပ်မကြိုက်ဖူးဆိုရင် Padauk-Zawgyi ဆိုတာရှိပါသေးတယ်။ ပိုလှတယ်လို့တော့ပြောကြတယ်.. စမ်းကြည့်ပါ။
ဒီနေရာကတော့ ၀င်းမြန်မာ ယူနီကုဒ်ပါ.. သူလည်း သူ့ဟာနဲ့သူလှပါတယ်.. လေ့လာကြည့်ပါ။

အပေါ်က အဆင့်တွေအတိုင်း ပြုလုပ်ပြီးရင်

သင့်အနေနဲ့ အောက်ပါ လင့်များကို ၀င်ရောက်လေ့လာပါ။ ကိုးကားထားတဲ့လင့်များလည်းဖြစ်ပါတယ်။

၁။ ယူနီကုဒ် စာစီပုံ သိကောင်းစရာအကျဉ်း
၂။ Install လုပ်ခြင်း
၃။ NHM ထည့်သွင်းခြင်း
၎။http://nweminthit.blogspot.com/2009/04/source-httpwwwlawka-ahlacomnewsphpitem5.html
၅။ http://thetheaye.my-mm.org/2009/06/why-did-unicode-born.html
၆။ http://www.myanmarnlp.org.mm/
၇။ List of Unicode characters
၈။ မြန်မာ ယူနီကုဒ် ဇယား

ဒီနေရာမှာ ဘယ် ဖောင့်တွေက ယူနီကုဒ် စနစ်ကို လိုက်နာတယ်ဆိုတာ လေ့လာနိုင်ပါတယ်။
ဒီနေရာမှာတော့ ဇော်ဂျီနဲ့ ဧရာတို့ ဘာကြောင့် ယူနီကုဒ်မဖြစ်တယ်ဆိုတာကိုလေ့လာနိုင်ပါတယ်။

ဒီနေရာကတော့ ဇော်ဂျီကနေ မြန်မာ၃ ကိုပြောင်းပေးတဲ့ Converter ပါ... ပြောင်းတာတွေက ၉၀% ကျော် မှန်တယ်လို့ဆိုပါတယ်.. တော်တော်လေးလည်း အဆင်ပြေပါတယ်... သုံးကြည့်စေချင်ပါတယ်။

Unicode နဲ့ ပက်သက်လို့ နားမလည်သေးသူများအတွက် အကျယ်တ၀င့်ကို ကျနော် အားတဲ့ အချိန်တွေ မှာ မြန်မာလို ရှင်းလင်းတင်ပြပေးသွားပါမယ် ။ဒီနေရာလေးမှာတော့ မြန်မာ့ယူနီကုဒ်တွေ အကြောင်း ကို မြန်မာလို သေချာလေး ရှင်းလင်းပေးထားတာကို လေ့လာနိုင်ပါတယ်။ လတ်တလော လေ့ လာချင်သူ များအတွက်ကတော့ wikipedia.com ကနေ တဆင့် လေ့လာပါ။ သိပြီးသား လူတွေ အနေနဲ့ကတော့ အချိန်လေးများရှိခဲ့ရင် အောက်က Comment ကနေတဆင့် သင့်ရဲ့ သိထားတတ်ထား တာလေးတွေ ကို ဆွေးနွေးပေးခဲ့နိုင်ပါတယ်.။

အထက်ပါရေးသားချက်များနဲ့ ပက်သက်လို့ မှားယွင်းနေသည်များ ရှိပါက ကွန်းမန့် တွင် ပြန် လည်ထောက်ပြ ဆွေးနွေးပေးပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။ ရေးသားထားသည်များကို နားမလည် မရှင်းလင်းသည်များရှိက လည်း ကွန်းမန့်မှာ မေးမြန်းနိုင်ပါတယ်။.. ကိုယ်တိုင်ဖန်တီးမှုမဟုတ်ပဲ ဖတ်မိ သမျှကို ပြန်လည် မျှဝေခြင်း သက်သက် ဖြစ်တဲ့အတွက် အမှားအယွင်းများ ပါရှိပါက သည်းခံကြပါရန် နှင့် ထောက်ပြဆွေးနွေးပေးနိုင်ကြပါရန် ဆန္ဒပြုပါတယ်။

ဖြစ်နိုင်ရင် ကွန်းမန့်တွေမှာ Myanmar3 ကိုသုံးပြီး ပေးကြည့်စေချင်ပါတယ် :)


(မှတ်ချက် ။ ။ unicode နှင့် Font ကို ကွဲပြားစွာ နားလည်ဖို့လိုပါသည်။ အထက်ဖော်ပြပါ Myanmar3, Padauk-Zawgyi, WinuniInnWa ... စသဖြင့်တို့သည် Unicode 5.2 စံ စနစ်ကို လိုက်နာသော font များ ဖြစ်သည်ဟု နားလည်ရမည့်ဖြစ်ပါသည်။)

3:38 PM | Posted in , | Read More »

SMS ပေးပို့ရုံဖြင့် အလှူငွေ ပေးအပ်နိုင်မည့်အစီအစဉ်

SMS ပေးပို့ရုံဖြင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အလှူငွေပေးအပ်နိုင်မည့် အစီအစဉ် ကို ပြန်လည်စတင်မည်

ကြိုတင်ငွေပေးချေကတ် အသုံးပြုသည့် မိုဘိုင်းဖုန်းများအနေဖြင့် Yatanarpon Call Center သို့ Donate ဟူသောစာသားကို SMS တစ်ကြိမ်ပေးပို့လိုက်သည်နှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အလှူငွေ ၅၀၀ ကျပ် အလိုအလျောက်လှူဒါန်းပြီးဖြစ်မည့်အစီအစဉ်ကို ပြန်လည်စတင်သွားမည်ဟု Blue Ocean ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“လူမှုရေးအဖွဲ့အစည်းတစ်ခုရှာနေတယ်။ လှူဒါန်း 
ပေးမယ့်အဖွဲ့ အစည်းတစ်ခုခု ရတာ နဲ့ ပြန်စမှာပဲ။ ရခိုင်အရေးတင်မဟုတ်ဘူး။ နောက်ပိုင်းတွေမှာ
လည်း သဘာဝဘေးအန္တရာယ်တွေ ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် လှူသွားဖို့ရှိတယ်” ဟု အဆိုပါ တာဝန်ရှိသူပြောသည်။ Message Center နံပါတ် ၁၈၈၁၅ သို့ SMS တစ်စောင်ပေးပို့ရုံဖြင့် အလှူငွေ ၅၀၀ ကျပ် လှူဒါန်းနိုင်သည့်အစီအစဉ်ကို ယခုလ အတွင်း တစ်ညတာကာလအဖြစ် စမ်းသပ်ဆောင်ရွက်ခဲ့သည့်အတွက် အလှူငွေ ၉၈၅၀၀ ကျပ်ရရှိ ခဲ့ကြောင်း၊ အဆိုပါအလှူငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ၀န်ကြီးဌာန မီးသတ်ဦးစီးဌာန(ရုံးချုပ်) သို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း Yatanarpon Call Center မှထုတ်ပြန် ကြေညာသည်။ ကြိုတင်ငွေပေးချေကတ်အသုံးပြုသည့် ဂျီအက်စ်အမ်ဖုန်းများအနေဖြင့်သာ SMS ပေးပို့ရုံဖြင့် အလှူငွေများကို လက်တလော၌ လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု Call Center ကဆိုသည်။ 

ထို့အပြင် ရပ်နားထားရှိခဲ့သည့် အဆိုပါအလှူကို ပြန်လည်စတင်နိုင်ရန် အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအပါအ၀င် Blue Ocean ကုမ္ပဏီနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့အကြား ဆွေးနွေးမှု များပြု လုပ် နေကြပြီး မကြာမီ၌ SMS ပေးပို့ရုံဖြင့် အလှူငွေပေးအပ်နိုင်မည့်အစီ အစဉ်ကို ပြန်လည် စတင်သွား မည်ဖြစ် သည်။ SMS ပေးပို့၍လှူဒါန်းခဲ့ပါက အလှူငွေကို ကြိုတင်ဘီလ်မှ တစ်ဆင့် ဖြတ်တောက် သွားမည် ဖြစ်သည့် အပြင် စုစုပေါင်းရရှိသည့် အလှူငွေများကိုလည်း ထုတ်ပြန်ကြေညာပေးသွားမည်ဟု Blue Ocean ကုမ္ပဏီ ကဆိုသည်။ အစီအစဉ်စမ်းသပ်မှုအား Yatanarpon Call Center မှဝန်ထမ်းများနှင့် နီးစပ်ရာလူတစ်ချို့ဖြင့်သာ စတင်ခဲ့သော်လည်း ပရဟိတအတွက် လွယ်ကူစွာဖြင့် တတ်နိုင်သရွေ့ လှူဒါန်းနိုင်မည်ဖြစ်သည့် အဆိုပါအစီအစဉ်ကို စိတ်ဝင်စားမှုရှိသည်ဟု ဂျီအက်စ်အမ်မိုဘိုင်းဖုန်း အသုံးပြုသူ လူငယ်အချို့ကဆိုသည်။ “အရင်က အွန်လိုင်းမှာ ကချင်ဒေသအတွက်ဆိုပြီး Donation အဖွဲ့လေးတွေဖွဲ့ပြီး အလှူခံကြတာတွေ့ရတယ်။ အခုလည်း ရခိုင်ဒေသအတွက်လှူဖို့ဆိုပြီး အွန်လိုင်းမှာ လူစုကြတာရှိကြတယ်။ ဒီလိုမျိုးလေးတွေလုပ်ကြတာ ကောင်းပါတယ်။ ဒုက္ခသည်တွေလက်ဝယ် အထိရောက်အောင်လှူပေးတဲ့ အဖွဲ့တွေဆိုရင် ပိုကောင်းပါတယ်” ဟု နေ့စဉ်အွန်လိုင်းအသုံးပြုသူ လူငယ်တစ်ဦးကပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် လက်ရှိကာလ၌ ဇွန်လဆန်းတွင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများကြောင့် ဒေသတွင်းရှိဒုက္ခသည်များအတွက် အကူအညီများစွာ လိုအပ်နေ သည့်အပြင် ၂၀၁၁ ခုနှစ်ဇွန်လ၌ စတင်ဖြစ်ပွားခဲ့သည့် အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ဒေသတွင်းရှိ စစ်ဘေးဒုက္ခသည်များအတွက် အကူအညီများ စွာလိုအပ်နေသည်ဟု ပြည်တွင်းသတင်းမီဒီယာများ၌ ရေးသားဖော်ပြထားသည်။

ရေးသားသူ -မြင့်ကျော်လှိုင်

2:45 AM | Posted in | Read More »

Windows 7/Vista 32-64 bit compatible Installer

Zawgyi Unicode Installer(Burmese) Windows 7/Vista 32-64 bit compatible

After your downloading, copy Font file and paste into Fonts folder 
(Start>Control Panel>Fonts)
Web page ပေါ်တွင် ဗမာလို မြင်ရရုံအတွက်သာဆိုလျှင် ဤ Zawgyi Font ကိုယူပါ။ Download လုပ်ပြီးလျှင် Copy လုပ်၍ Control Panel>Fonts folder ထဲကို Paste လုပ် ထည့်ပေးပါ။ 
တစ်ချို့ Unicode ကို Installed လုပ်ပြီးသော်လည်း ဗမာစာမမြင်ရပဲ အခက်အခဲရှိနေသေးလျှင် ဤနည်းဖြင့် ဖြေရှင်းနိုင်ပါသည်။


အထက်ပါ file ကို ဒေါင်းပြီး Zip File ကိုဖြည့်လိုက်ပါ ။ Setup.exe  ဖိုင်ကို run လိုက်ပါ။ Windows 7 ( 32 - 64 bit) နှစ်ခုစလုံးနဲ့ အဆင်ပြေပါသည်။

2:25 AM | Posted in | Read More »

How to Install Zawgyi-One Font

How to Install Zawgyi-One Font to See Myanmar Websites

  1. First Download the Font File [ Zawgyi_One / Myanmar3 ]
  2. Second, Copy these fonts and Place in C:\windows\fonts or Start>Control Panel>Fonts   Shortcut Key ( Win+R)
  3. Third, Refresh your browser or press Clt+F5.
  4. Fourth,  If you still couldn't see Myanmar Fonts properly, Just restart your PC.
  5. Enjoy , or take a rest.



    1:47 AM | Posted in | Read More »

    Installation Zawgyi Font

    Zawgyi Font အား ကွန်ပျူတာပေါ်သို့ထည့်သွင်းခြင်း

























    3:41 PM | Posted in | Read More »